VPN Package · Myanmar

စိတ်ချရတဲ့ VPN Key ကို Telegram ကနေ တိုက်ရိုက် ရယူပါ

Zee Basic၊ Zee Plus နှင့် Zee Max Package များကို မိမိသုံးစွဲမှုအလိုက် ရွေးချယ်နိုင်ပါတယ်။ ငွေလွှဲ Screenshot ပို့ပြီး Admin စစ်ဆေးပြီးသည်နှင့် VPN Key ကို ရရှိမည်ဖြစ်ပါသည်။

Telegram Bot, Admin သို့မဟုတ် Facebook Page — ဘယ်ကနေမဆို ဝယ်ယူနိုင်ပါတယ်

1 GB / 24 နာရီ မဝယ်ခင် အခမဲ့ စမ်းသုံးနိုင်တဲ့ Trial Key
Device အားလုံး Android, iPhone, Windows, Mac — App အမျိုးမျိုးနဲ့ သုံးနိုင်
လူကိုယ်တိုင် စစ်ဆေး Key တိုင်းကို Admin စစ်ဆေးအတည်ပြုပြီးမှ ပေးပို့ပါတယ်
Telegram Support Admin နဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်
Packages

သင့်အသုံးပြုမှုနဲ့ ကိုက်ညီတဲ့ Plan ကို ရွေးပါ

Key တစ်ခုတည်းဖြင့် Device အားလုံးတွင် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ သက်တမ်းမှာ Key ရရှိသည့်နေ့မှစ၍ ရက် ၃၀ အပြည့် ရရှိပါမည်။

စတင်သုံးရန်

Zee Basic

နေ့စဉ် Social Media, Facebook ပေါ့ပေါ့ပါးပါး အသုံးပြုမည့်သူများအတွက် သင့်တော်သော 50 GB Plan ဖြစ်ပါသည်။

50 GB / လDevice ၁ လုံး
3,000 MMK / ၁ လ
  • Data 50 GB — တစ်လစီ
  • Device ၁ လုံး
  • သက်တမ်း ရက် ၃၀
  • Telegram Bot တွင် Data သုံးစွဲမှုနှင့် သက်တမ်းကို 24/7 စစ်ဆေးနိုင်ခြင်း
  • Singapore / Japan / USA — Region ရွေးချယ်ဝယ်ယူနိုင်ခြင်း
Zee Basic ဝယ်မည်
လူကြိုက်အများဆုံး

Zee Plus

လူကြိုက်အများဆုံး တန်ဖိုးသင့် Plan!

  • Social Media, Facebook ကြည့်ရှုသူများ၊ Google Flow အပါအဝင် AI Video / AI Tools များ အဆင်ပြေစွာ သုံးလိုသူများအတွက်။
150 GB / လDevice ၃ လုံး
7,000 MMK / ၁ လ
  • Data 150 GB — တစ်လစီ
  • Device ၃ လုံး တစ်ပြိုင်တည်း
  • သက်တမ်း ရက် ၃၀
  • Telegram Bot တွင် Data သုံးစွဲမှုနှင့် သက်တမ်းကို 24/7 စစ်ဆေးနိုင်ခြင်း
  • Singapore / Japan / USA — Region ရွေးချယ်ဝယ်ယူနိုင်ခြင်း
Zee Plus ဝယ်မည်
Pro သုံး

Zee Max

အကန့်အသတ်မရှိ ချိတ်ဆက်နိုင်မည့် High-Capacity Plan!

  • Live Streamer များ၊ Content Creator များ၊ Google Flow အပါအဝင် AI Video (Heavy Generation) သုံးစွဲသူများနှင့် Heavy Download ပြုလုပ်သူများအတွက် သီးသန့် Data ပမာဏ။
300 GB / လDevice အကန့်အသတ်မရှိ
18,000 MMK / ၁ လ
  • Data 300 GB — တစ်လစီ
  • Device အကန့်အသတ်မရှိ တစ်ပြိုင်တည်း ချိတ်ဆက်နိုင်ခြင်း
  • သက်တမ်း ရက် ၃၀
  • Telegram Bot တွင် Data သုံးစွဲမှုနှင့် သက်တမ်းကို 24/7 စစ်ဆေးနိုင်ခြင်း
  • Singapore / Japan / USA — Region ရွေးချယ်ဝယ်ယူနိုင်ခြင်း
Zee Max ဝယ်မည်

၃ လ Plan ဝယ်ယူပါက တစ်လစီ Cycle ၃ ခု ရရှိပါမယ်။ ပထမ Cycle ကို ချက်ချင်းဖွင့်ပေးပြီး၊ ကျန် Cycle နှစ်ခုကို Bot ရဲ့ Renew Menu မှ မိမိကိုယ်တိုင် တောင်းခံနိုင်ပါတယ် — Admin အတည်ပြုပြီးမှ Key အသစ် ပွင့်ပါမယ်။ Data စောကုန်သွားရင်လည်း ရက်စောင့်စရာမလိုဘဲ ချက်ချင်း Renew လုပ်နိုင်ပါတယ်။ Bot, Admin သို့မဟုတ် Facebook Page — ဘယ်ကနေမဆို ဝယ်ယူနိုင်ပါတယ်။ Plan အားလုံးအတွက် Singapore, Japan နဲ့ USA Region ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Server Region

Singapore, Japan နဲ့ USA — မိမိနှစ်သက်ရာ Region ကို ရွေးချယ်ဝယ်ယူနိုင်ပါသည်

Zee Basic, Zee Plus, Zee Max သုံးမျိုးလုံးအတွက် Singapore, Japan နဲ့ USA Region သုံးခု ဖွင့်ပေးထားပါတယ်။ Package ဝယ်ချိန်ရော အခမဲ့ Trial ယူချိန်ပါ မိမိနှစ်သက်ရာ Region တစ်ခုကို Bot ထဲမှာ ကိုယ်တိုင် ရွေးချယ်နိုင်ပြီး၊ Region သုံးခုစလုံး စျေးနှုန်း အတူတူပါပဲ — ထပ်ဆောင်းကြေး တစ်ပြားမှ မလိုပါ။

SingaporeRegion 1

မြန်မာနဲ့ ပထဝီအရ အနီးဆုံး Region ဖြစ်လို့ နေ့စဉ်သုံး Browsing, Social Media နဲ့ Video ကြည့်ရှုမှုတွေအတွက် အများဆုံး ရွေးချယ်ကြပါတယ်။ ဘာမှ မစဉ်းစားချင်ဘူးဆိုရင် ဒီ Region ကနေ စလိုက်ပါ။

  • Facebook · Messenger
  • နေ့စဉ်သုံး Browsing
  • Video ကြည့်ရှုခြင်း

Japan (Tokyo)Region 2

Japan လမ်းကြောင်းက AI Tools, Google Flow, Game Server နဲ့ Streaming Content တွေအတွက် ပိုကိုက်ညီတတ်ပါတယ်။ Singapore လမ်းကြောင်း အဆင်မပြေတဲ့အချိန် ဒုတိယ ရွေးချယ်စရာအဖြစ်လည်း အသုံးဝင်ပါတယ်။

  • AI Tools · Google Flow
  • Game Server
  • Japan Content

USA (Oregon)Region 3

US IP သီးသန့် လိုအပ်သော ဝန်ဆောင်မှုများ၊ US Store, US Content နှင့် Region-locked Account များကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် သီးသန့် စီစဉ်ပေးထားသော Region ဖြစ်ပါသည်။

  • US IP သီးသန့် လိုအပ်သော Service များ
  • US Store & Region-locked Accounts
  • US Streaming Content & Apps

VPN Key တစ်ခုသည် ရွေးချယ်ထားသော Region တစ်ခုတည်းတွင်သာ အလုပ်လုပ်ပါသည်။ Region သုံးခုစလုံးအတွက် စျေးနှုန်း၊ Data ပမာဏနဲ့ Device အရေအတွက် အတူတူဖြစ်ပြီး၊ Package အသစ် ဝယ်တိုင်း Region ကို ပြန်ရွေးနိုင်ပါတယ်။ လက်ရှိ Key ရဲ့ Region ကို ပြောင်းလိုပါက Admin ကို ဆက်သွယ်ပေးပါ။

ဝယ်ယူပုံ

ဝယ်ယူဖို့ နည်းလမ်း ၃ မျိုး ရှိပါတယ်

မိမိအဆင်ပြေရာ လမ်းကြောင်းကို ရွေးပါ။ ဘယ်နည်းလမ်းနဲ့ ဝယ်ဝယ် စျေးနှုန်းနဲ့ ဝန်ဆောင်မှု အတူတူပါပဲ။ Website မှာ ငွေပေးချေစရာ မလိုပါ။

အမြန်ဆုံး Telegram Bot

၂၄ နာရီ ဖွင့်ထားပါတယ်။ အခမဲ့ Trial ရယူခြင်း၊ Data နဲ့ သက်တမ်း စစ်ဆေးခြင်း၊ Renew လုပ်ခြင်းများကို မိမိကိုယ်တိုင် လုပ်ဆောင်နိုင်ပါတယ်။

ဝယ်မည်
Admin နဲ့ တိုက်ရိုက်

မေးစရာရှိရင် Admin နဲ့ လူချင်း တိုက်ရိုက် ပြောပြီး ဝယ်ယူနိုင်ပါတယ်။ Telegram Account မရှိသူများအတွက်လည်း Admin က Key ကို တိုက်ရိုက် ထုတ်ပေးပါတယ်။

@ZeeTheeDigitalAdmin
Facebook Page

Facebook Page ကို သွားရောက် ဆက်သွယ်ပြီးလည်း ဝယ်ယူနိုင်ပါတယ်။ Messenger ကနေ Message ပို့လိုက်ရုံပါပဲ။

Facebook Page သို့
အဆင့်ဆင့်

ဘယ်နည်းလမ်းနဲ့မဆို အဆင့် ၄ ဆင့်ပါပဲ

  1. အဆင့် ၁

    စတင်ပါ

    Telegram Bot တွင် /start ကို နှိပ်ပါ (သို့မဟုတ်) Admin/Facebook Page သို့ တိုက်ရိုက် ဆက်သွယ်ပါ။

  2. အဆင့် ၂

    Package ရွေးပါ

    Zee Basic၊ Zee Plus သို့မဟုတ် Zee Max နဲ့ ၁ လ / ၃ လ ကာလကို ရွေးချယ်ပါ။

  3. အဆင့် ၃

    ငွေလွှဲပါ

    KBZPay, WavePay, UAB Pay, AYA Pay တစ်ခုကို ရွေးပြီး ငွေလွှဲ Screenshot ကို ပြန်ပို့ပါ။

  4. အဆင့် ၄

    Key ရယူပါ

    ငွေလွှဲ အတည်ပြုပြီးသည်နှင့် VPN Key တိုက်ရိုက် ရောက်ရှိမည်ဖြစ်ပြီး Copy ကူးယူ၍ ချက်ချင်း အသုံးပြုနိုင်ပါပြီ။

ငွေပေးချေမှု

လက်ခံသော နည်းလမ်းများ

KBZPayMobile Wallet
WavePayMobile Wallet
UAB PayMobile Wallet
AYA PayMobile Wallet
အသုံးပြုပုံ

မိမိ Device အလိုက် App ကို ရွေးပါ

VPN Key တစ်ခုတည်းကို အောက်ပါ App များနှင့် သုံးနိုင်ပါတယ်။ Key ကို Copy ကူးပြီး App ထဲ Paste လုပ်လိုက်ရင် Server အလိုအလျောက် ပေါ်လာမယ် — Connect ကို နှိပ်လိုက်ရုံပါပဲ။

အကြံပြုချက် Android · Windows Laptop

Android နှင့် Windows တို့တွင် ပိုမို အဆင်ပြေစေရန် Happ သို့မဟုတ် v2rayTun App များကို အသုံးပြုရန် အကြံပြုပါသည်။

Windows အတွက် Download Link ကို Bot ရဲ့ Tutorial Menu မှာ ကြည့်ပါ။

iPhone (iOS) · Mac

Outline VPN Application ဖြင့် ချိတ်ဆက် အသုံးပြုပါ။

Key ကို Paste လုပ်လိုက်ရင် Server အလိုအလျောက် ထည့်ပေးပါမယ်။

  1. အဆင့် ၁

    App ဒေါင်းပါ

    အပေါ်က ဇယားအတိုင်း မိမိ Device နဲ့ ကိုက်ညီတဲ့ App ကို ဒေါင်းလုဒ်ဆွဲပါ။

  2. အဆင့် ၂

    Key ကို Copy ကူးပါ

    Bot ထဲက ss:// နဲ့ စတဲ့ Key ကို Copy ခလုတ်နဲ့ ကူးယူပါ။

  3. အဆင့် ၃

    App ထဲ Paste လုပ်ပါ

    App ဖွင့်ပြီး Key ကို Paste လုပ်ပါ။ Server အလိုအလျောက် ပေါ်လာပါမယ်။

  4. အဆင့် ၄

    Connect နှိပ်ပါ

    Connect ကို နှိပ်လိုက်ရင် ချိတ်ဆက်မှု စတင်ပါပြီ။ Video လမ်းညွှန်ကို Bot ထဲမှာ ကြည့်နိုင်ပါတယ်။

FAQ

မေးလေ့ရှိသော မေးခွန်းများ

အခမဲ့ Trial ကို ဘယ်လိုရမလဲ?

Telegram Bot ထဲရှိ Free Trial ခလုတ်ကို နှိပ်၍ 1 GB Data (24 နာရီ သက်တမ်း) ရှိသော Trial Key ကို အခမဲ့ ချက်ချင်း ရယူစမ်းသပ်နိုင်ပါသည်။ (Telegram အကောင့်တစ်ခုလျှင် ၁ ကြိမ်သာ ရရှိပါမည်)

Data ကုန်သွားရင် ဘာဖြစ်မလဲ?

Data ဒါမှမဟုတ် သက်တမ်း ပြည့်သွားရင် Key က အလိုအလျောက် ရပ်သွားပါမယ်။ ဆက်သုံးချင်ရင် Bot ရဲ့ Renew Menu ကနေ ချက်ချင်း ဝယ်ယူနိုင်ပါတယ် — ရက်စောင့်စရာ မလိုပါဘူး။

သက်တမ်းမကုန်ခင် Renew လုပ်ရင် ကျန်ရက်တွေ ဆက်ပေါင်းပေးလား?

မပေါင်းပေးပါ။ Renew လုပ်ပြီးတာနဲ့ Key အသစ် ထုတ်ပေးပြီး၊ သက်တမ်းက ထုတ်ပေးသည့်နေ့မှ စ၍ ရက် ၃၀ ဖြစ်ပါတယ်။ ဒါကြောင့် Data ခန်းပြီးမှ Renew လုပ်တာ အသင့်တော်ဆုံးပါ။

Telegram မသုံးရင် ဘယ်လို ဝယ်ရမလဲ?

Telegram Account မရှိလည်း ရပါတယ်။ Facebook Page ကို သွားရောက် ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်။ Admin က ငွေလက်ခံပြီး VPN Key ကို တိုက်ရိုက် ထုတ်ပေးပါမယ်။ သက်တမ်းတိုးချိန်မှာလည်း Admin ကို ပြန်ဆက်သွယ်ရုံပါပဲ။

ဘယ် App နဲ့ ချိတ်ရမလဲ?

Android နဲ့ Windows Laptop အတွက် Happ သို့မဟုတ် v2rayTun ကို အကြံပြုပါတယ် — Outline App က Android အချို့မှာ အဆင်မပြေမှု ဖြစ်နိုင်လို့ပါ။ iPhone (iOS) နဲ့ Mac အတွက်တော့ Outline VPN App ကို သုံးပါ။ Key က တစ်ခုတည်းဖြစ်ပြီး App အားလုံးမှာ အလုပ်လုပ်ပါတယ်။

Server Region ဘယ်လို ရွေးရမလဲ?

Singapore, Japan (Tokyo) နဲ့ USA (Oregon) Region သုံးခု ရှိပြီး Plan သုံးမျိုးလုံးအတွက် ရွေးချယ်ဝယ်ယူနိုင်ပါတယ် — စျေးနှုန်းနဲ့ Data ပမာဏ အတူတူပါပဲ။ USA Region ကတော့ US IP သီးသန့် လိုအပ်တဲ့ Service, US Store နဲ့ Region-locked Account တွေအတွက် ရည်ရွယ်ပါတယ်။ အခမဲ့ Trial ယူချိန်ရော Package ဝယ်ချိန်ပါ Bot က Region ရွေးခိုင်းပါလိမ့်မယ်။ VPN Key တစ်ခုဟာ ရွေးထားတဲ့ Region တစ်ခုတည်းမှာသာ အလုပ်လုပ်တာမို့ Region ပြောင်းလိုပါက Package အသစ် ဝယ်ချိန်မှာ ပြန်ရွေးပါ သို့မဟုတ် Admin ကို ဆက်သွယ်ပေးပါ။

Device ဘယ်နှစ်လုံး သုံးလို့ရလဲ?

Zee Basic က Device ၁ လုံး၊ Zee Plus က Device ၃ လုံး တစ်ပြိုင်တည်း သုံးနိုင်ပါတယ်။ Zee Max ကတော့ Device အရေအတွက် အကန့်အသတ် မရှိပါဘူး။

၃ လ Plan က ဘယ်လို အလုပ်လုပ်လဲ?

တစ်ကြိမ်တည်း ငွေချေပြီး တစ်လစီ Cycle ၃ ခု ရပါမယ်။ ပထမ Cycle က ချက်ချင်းပွင့်ပြီး၊ ကျန်နှစ်ခုကို Renew Menu ကနေ မိမိကိုယ်တိုင် တောင်းခံရပါမယ်။ Admin အတည်ပြုပြီးမှ Key အသစ် ရောက်လာပါမယ် — ထပ်မံ ငွေပေးချေစရာ မလိုပါဘူး။

Key ကို သူငယ်ချင်းနဲ့ မျှဝေလို့ရလား?

မိမိ၏ Data အမြန်ကုန်လွန်မှုကို ကာကွယ်ရန်နှင့် အမြန်နှုန်း မကျဆင်းစေရန်အတွက် VPN Key ကို အခြားသူများနှင့် မျှဝေအသုံးပြုခြင်း မပြုလုပ်ရန် အကြံပြုပါသည်။

Data နဲ့ သက်တမ်း ဘယ်လို စစ်ဆေးရမလဲ?

Bot ရဲ့ Package Status Menu မှာ လက်ရှိသုံးပြီးသား Data, ကျန်ရက်နဲ့ VPN Key ကို အချိန်မရွေး ကြည့်နိုင်ပါတယ်။ Data ၉၅% နဲ့ သက်တမ်းကုန်ခါနီး D-3 / D-1 မှာလည်း Bot က သတိပေးစာ ပို့ပေးပါမယ်။

စတင်ရန်

အခမဲ့ 1 GB နဲ့ စမ်းသုံးကြည့်ပါ

ဝယ်ယူဖို့ မဆုံးဖြတ်ရသေးဘူးဆိုရင် Trial Key နဲ့ အရင် စမ်းကြည့်လိုက်ပါ။ မေးစရာရှိရင် Admin ဒါမှမဟုတ် Facebook Page ကနေလည်း ဆက်သွယ်နိုင်ပါတယ်။